"ညောင်လေးပင်မြို့" ညောင်လေးပင်သည် ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများနှင့် စာပေအနုပညာကို လေးစားတန်ဖိုးထားကြသော စာပေမြို့တော်ဟု ခေါ်ဝေါ်တင်စားနိုင်သော မြို့တော်ဖြစ်သည်။ ထို့အပြင် ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများ၊ အဆောက်အဦးများနှင့် ရှေးဟောင်း အမွေအနှစ်များကို ထိန်းသိမ်းထားသော မြို့တစ်ခုလည်းဖြစ်သည်။ ရှေးဘုရင်များလက်ထက်က ညောင်လေးပင်ကြီးလေးပင် ရှိသော ဤနေရာဒေသသည် နောက်တစ်ချိန်၌ မြို့ဖြစ်လာလိမ့်ဟူသော တဘောင်စကားအရ ညောင်ပင်လေးပင်ကို အစွဲပြု၍ ယခုအခါ ညောင်လေးပင် ဟု အမည်ခေါ်တွင်လာခဲ့ခြင်းဖြစ်သည်။ (ရှေးသမိုင်း) 

ညောင်လေးပင်မြို့နယ်သည် မြောက်လတ္တီတွဒ် ၁၆ဒီဂရီ ၅၉ မိနစ်နှင့် ၁၈ဒီဂရီ ၁၂မိနစ်၊ အရှေ့လောင် ဂျီတွဒ် ၉၆ဒီဂရီ ၃၆မိနစ်နှင့် ၉၆ဒီဂရီ ၅၃မိနစ်တွင်တည်ရှိသည်။ အရှေ့မှအနောက်သို့(၂၁)မိုင်နှင့် တောင်မှ မြောက်သို့(၂၀)မိုင် ရှည်လျားပါသည်။ ညောင်လေးပင်မြို့ နယ်နှင့် မြို့တို့၏ဧရိယာစတုရန်းမိုင်မှာ  ညောင်လေးပင်မြို့- ၂.၀၁၄၊ ပြွန်တန်ဆာမြို့- ၀.၅၈၅၊ မဒေါက်မြို့- ၀.၅၃၁၊ ပိန်းဇလုပ်မြို့- ၀.၆၉၀၊  မြို့ဧရိယာစတုရန်းမိုင် ၁၀.၀၃မိုင်၊ ကျေးရွာအုပ်စုဧရိယာ စတုရန်းမိုင် ၂၇၂.၈၁မိုင်၊ မြို့နယ်ဧရိယာစတုရန်းမိုင် ၂၈၂.၈၄မိုင် တို့ဖြစ်သည်။ 

(ဝီကီပီးဒီးယား တွင် အကျယ်ကြည့်ရှုနိုင်)